တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

မြိုင်  ၂၅  စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများ၏ မိဘ/အုပ်ထိန်းသူများ၊ မိဘဆရာအသင်းအလုပ်မှုဆောင် ကော်မတီများနှင့် ဆရာ/ဆရာမများက တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဆုံးတွင် ၁၀ တန်း ကျောင်းသား/ကျောင်းသူ များကို ပေးအပ်မည့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်Completion Certificate( C.C)၏စံသတ်မှတ်ချက်(၇)ခုအကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်  အထက(၁)မြိုင်၏ မိဘဆရာ အသင်းအလုပ်မှုဆောင် ကော်မတီများနှင့် ကျောင်းသားမိဘများတွေ့ဆုံစဉ် မိဘများက ကလေးများ၏ သင်ယူမှုတွင်တက်ကြွစွာပါဝင်လာစေရေးတို့ကို ဆွေးနွေးတင်ပြခဲ့သည်။

အထက်တန်းပြဆရာ ဦးအောင်နိုင်၊ အထက်တန်းပြဆရာမဒေါ်ကြေးမုံဝင်း၊ အထက်တန်းပြဆရာ ဦးအောင်ဆန်းမြင့်တို့က  အခြေခံအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်(C.C)ပေးအပ်နိုင်မှု စည်းကမ်းများ၊ ကျောင်းသားကျောင်းသူများ၏ စည်းကမ်းလိုက်နာနိုင်မှုနှင့် ပညာကြိုးစားမှုအခြေအနေ၊ အောင်ချက်မြင့်မားရေးအတွက် မိဘများက ပံ့ပိုးရမည့်အချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကျောင်းသားမိဘများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်း၊ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်