တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုနေစဉ် ခေါင်းမူးရောဂါခံစားလာရသည့် ကျောင်းသူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ကူညီဆောင်ရွက်ပေး

နေပြည်တော် ၁၁ မတ်

၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူတစ်ဦးသည် ခေါင်းမူးရောဂါခံစားလာရသဖြင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်ပါဝင်သည့် တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများက ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတွင် စာမေးပွဲ ဆက်လက် ဖြေဆိုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)