တမူး  ဇွန် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကဘော် ခန်းမ၌ ဇွန် ၂၇ ရက်က ကျောင်းပြင်ပပညာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

 

အသိပညာပေးဟောပြော 

 

ဦးစွာ တမူးခရိုင် ပညာရေးမှူး ဦးချစ်ငွေက ကျောင်းပြင်ပပညာရေး လုပ်ငန်းဆိုင်ရာများ၊ ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဆိုင်ရာများနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး လုပ်ငန်းဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။ 

 

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပညာရေးမှူး ဦးချစ်ငွေနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးစောစီးစယ်နှင့် တာဝန်ရှိသူများ၊ တမူးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ခရိုင်(ပြန်/ဆက်)