တင်းမာမှုများ လျော့ချရန် အီရန်နိုင်ငံသို့ အာဘေး ထွက်ခွာ

၁၁ ဇွန်

 

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား  နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပွားသည့် တင်းမာမှုများ မြင့်တက်နေစဉ် ဂျပန်နိုင်ငံ ဝန်ကြီး ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံမှ တီဟီရန်သို့သွားရောက်ရန် တိုကျိုမြို့တော်မှ ထွက်ခွာသွားခဲ့သည်။

 

အာဘေးသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဟာနဲဒါလေဆိပ်မှ မထွက်ခွာမီ သတင်းထောက်များကို ၄င်းက ပြောကြားခဲ့သည်။

 

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် တင်းမာမှုများအတွက် စိုးရိမ်ပူပန်လျက်ရှိကြောင်း ၄င်းက ပြောကြားသည်။

 

ကမ္ဘာကြီးက စောင့်ကြည့်နေသောကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အစွမ်းကုန်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံကြား ကာလကြာမြင့်ပြီဖြစ်သော ချစ်ကြည်ရေးကို အခြေခံပြီး အီရန်နိုင်ငံ ခေါင်းဆောင်များနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် မျှော်လင့်နေကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

 

အာဘေးသည် ယနေ့နှောင်းပိုင်းတွင် သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် တွ့ဆုံမည်ဖြစ်ပြီး မနက်ဖြန်တွင် အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီနှင့် တွေဆုံမည်ဖြစ်သည်။ 

 

အစ္စလမ်မစ်တော်လှန်ရေး မတိုင်မီ ၁၉၇၈ခုနှစ်တွင်  ဂျပန်ဝန်ကြီးချုပ် တာကဲအိုဖူကူဒါသည်  အီရန်နိုင်ငံ သွားရောက်ခဲ့ပြီးနောက် ရှင်ဇိုအာဘေးမှာ အီရန်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်
 

 

ိ္နမ