တနိုင်းမြို့နယ်၊ မိုင်းခွန်ရွာ ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း စေတီဟောင်းအုတ်ပုံအား ရှင်းလင်းရာ ပယင်းဘုရားများ တွေ့ရှိ

mdn

တနိုင်း ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ရွာဟောင်း မိုင်းခွန်သတ္တမဇောတိက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဇောတိမှ ဘုန်းကြီးကျောင်းဝင်းအတွင်း ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲက ယခင်စေတီဟောင်း အုတ်ပုံနေရာအား  စေတီအသစ်တည်ရန် ထွက်စက်ဖြင့် ခြုံနွယ်ပိတ်ပေါင်းများ  ရှင်းလင်းစဉ် အုတ်ပုံဟောင်းကြားမှ ပယင်းဘုရားအကြီး (၄ လက်မခွဲ) တစ်ဆူ၊ (၃ လက်မခွဲ) လေးဆူ၊ (၂ လက်မခွဲ) ခုနစ်ဆူ၊ (၂ လက်မ) ၁၁ ဆူ စုစုပေါင်းဘုရား (၂၆)ဆူ၊ ခုံ့အမျိုးအစားကျောက်အခွံပါ လက်သီးဆုပ်အရွယ် ကျောက်(၁)လုံး၊ ပယင်းပုတီးစေ့(၁)လုံး၊ ပယင်းလက်တစ်ဆစ်ခန့်(၁)ခု၊ နဂါးပုံဟု ယူဆရသည့် သံထည်(၁)ခုတို့ တွေ့ရှိခဲ့ပြီး အဆိုပါ ပစ္စည်းများကို ကျောင်းထိုင်ဆရာတော်မှ သိမ်းဆည်းထားကာ ၎င်းနေရာအား ရာဇမတ်ကာရံထားရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်ပေါင်းစုစေတီ ပြန်လည်တည်သည့်အခါ ပယင်းဘုရားများအား ဌာပနာထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါ(တနိုင်း)