တနိုင်းမြို့နယ် ရှင်လုံဂါးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

တနိုင်း  ၂၉  မတ်


ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်လုံဂါးကျေးရွာတွင် မတ် ၂၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုသည် တနိုင်းမြို့နယ် ရှင်လုံဂါးကျေးရွာအုပ်စု  ရှင်လုံဂါးကျေးရွာရှိ ဦးရှင်လုံဂမ် ပိုင်ဆိုင်သည့် သက်ကယ်မိုး ခြေတံရှည်နေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကို ကျေးရွာနေပြည်သူများ၊ တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၁)စီးဖြင့်  ဝိုင်းဝန်းငြှိမ်းခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN