တနိုင်းမြို့နယ် ဥပဒေရုံး  ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ

တနိုင်း ၁၅ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ပုန်ခုန်းရပ်ကွက်ရှိ ဥပဒေရုံး ဝန်ထမ်းအိမ်ရာ ပန္နက်တင် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့  ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ဥပဒေအရာရှိ ဦးဇွဲအောင်နိုင် နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ်၊ ပြည်သူ့လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်ဂျာတန်နှင့် တာဝန်ရှိသူတို့က ဥပဒေရုံး ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်  ပန္နက်ရိုက်ပေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)