တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

တွန်းဇံ ဖေဖော်ဝါရီ ၉

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ ကားလေးကွင်းသွားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွန်ကရစ် လမ်းသစ်အစနေရာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟောက်ခုပ်က ယင်းကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟောက်ခုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ 

အဆိုပါကွန်ကရစ်လမ်းသည် အရှည်ပေ (၂၃၀၀) ၊ အကျယ်(၁၂)ပေ၊ ထု (၉)လက်မ ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၏ ချင်းပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၁၉၈)သန်းဖြင့် SMC Sian Siam Co.,ltd က ၂၀၂၂ ခုနှစ် ဇွန်လ မှ စက်တင်ဘာလထိ (၄)လအတွင်း တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)