တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အတန်းလိုက်အောင်စာရင်းများ ထုတ်ပြန်ကြေညာ

တနင်္သာရီ ဧပြီ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီကမှစ၍ ထုတ်ပြန်ကြေညာ ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအောင်စာရင်းများ ထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း) (GRADE-11) အတန်းအထိ  အခြေခံပညာကျောင်းများနှင့်  GRADE-5  နှင့် GRADE-9  စာစစ်ဌာနများ စုစုပေါင်း (၇၀)တို့တွင် အတန်းလိုက်အောင်စာရင်းများကို ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများအလိုက် ကြေငြာသင်ပုန်းများတွင် ကပ်ထားပေးကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)