တနင်္သာရီမြို့နယ်တွင် ကျပ်သန်း(၂ဝ)အောက်ကျေးလက်ရေရရှိရေး လုပ်ငန်းများအတွက်ပစ္စည်းဝယ်ယူမှုဈေးနှုန်း စိစစ်ရွေးချယ်

တနင်္သာရီ မေ ၁၇

၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၂၀)အောက် ကျေးလက်ရေရရှိရေးလုပ်ငန်းများအတွက်ပစ္စည်း ဝယ်ယူမှုဈေးနှုန်း စိစစ် ရွေးချယ်ခြင်း ( Shopping Method )အခမ်းအနားကို မေ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးနိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း(၂၀)အောက်ကျေးလက်ရေရရှိရေးလုပ်ငန်းများအတွက်ပစ္စည်းဝယ်ယူမှု ဈေး နှုန်းစိစစ်ရွေးချယ်ခြင်း(Shopping Method) အကြောင်းတင်ပြ၍ လိုအပ်သည့် ပစ္စည်းစာရင်း တင်ပြခြင်းနှင့် တက်ရောက်လာသည့်လုပ်ငန်းရှင်များမှအဆိုပြုဈေးနှုန်းအသီးသီးအားတင် ပြခဲ့ကြသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့်ငွေကျပ်သန်း(၂၀) အောက် ကျေးလက်ရေရရှိရေး လုပ်ငန်းများဖြစ်သော ချောင်းနှစ်ပေါက်ကျေးရွာတွင်လက်တူး တွင်း(၁)တွင်း၊ အနောက်စုကျေးရွာတွင်လက်တူး တွင်း(၁)တွင်း၊ ပြင်ရိုးကျေးရွာတွင်လက်တူးတွင်း(၁)တွင်း၊ ဘန်းသဲကျေးရွာတွင်လက်တူးတွင်း(၁)တွင်း၊ ပျို့အိုင်ကျေးရွာတွင်လက်တူး တွင်း(၁)တွင်း၊ ကျောက်မီးကျောင်းကျေး ရွာ တွင်လက်တူးတွင်း(၁)တွင်း၊ ရေဖြူကျေး ရွာတွင်လက်တူးတွင်း(၁)တွင်း၊ ချောင်းနောက် ပြန် ကျေးရွာတွင်လက်တူးတွင်း(၁)တွင်း၊ ဆင် ခေါင်းကျေးရွာတွင်လက်တူးတွင်း(၁)တွင်း၊ ကျွဲ ထိန်းကုန်းကျေးရွာတွင် မိုးရေလှောင်ကန်(၁)ခု၊ မြေမအုံကျေးရွာတွင်မြစ်ရေတင်ခြင်းလုပ်ငန်း (၁)ခုအတွက်လိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းများဖြစ်သော(ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် စရစ်)အတွက်လုပ်ငန်းရှင်များမှဈေးနှုန်း အပြိုင်အဆိုပြုခဲ့ကြပြီး၊ ဈေးနှုန်းစိစစ်ရွေးချယ်ရေး ကော်မတီမှ ဈေးနှုန်းအဆိုပြုလွှာများအား စိစစ်ရွေးချယ်ပြီး ဈေးနှုန်းအောင်သည့် လုပ်ငန်းရှင်များ အားအတည်ပြုရွေးချယ်ခဲ့ကြကြောင်း မြိုနယ်ဉီးစီးမှူး ဉီးစိုးရယ်လွင်ထံမှ သိရသည်။

မြင့်ဉီး(မြိတ်)