တနင်္သာရီတိုင်းဒေသကြီး (၁၀)မြို့နယ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကျင်းပ

ထားဝယ်  ဒီဇင်ဘာ ၁၉

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

 

အသက်(၁၈)နှစ်အောက် (လူရွေးပွဲ၊ ဗိုလ်လုပွဲ)ပြိုင်ပွဲတွင် အမျိုးသမီး/အမျိုးသား မီတာ(၁၅၀၀) နှင့်(၂၀၀)၊ အလျားခုန်၊ သံပြားပစ်၊ လက်ဆင့်ကမ်း (၄၀၀×၄)  ပြိုင်ပွဲများ  ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမား များနှင့် အားကစားဝါသနာရှင်များ  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ငွေဇင်ယော်(ထားဝယ်)