တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ရေးမှ ထားဝယ် ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ချက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီတွင် ဖမ်းမိ ကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် TOYOTA LANDCRUISER မော်တော် ယာဉ် ၁ စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊  စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး ကက်တမင်းများအား ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်