တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ဆက်လက်ကျင်းပ

ထားဝယ် ၃၁ ဇန်နဝါရီ

 

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက  တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်

 

5

 

 

အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြ မေးခွန်း( ၅ ) ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ် တင်သွင်းထားသော တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်ဧပြီလ မှ စက်တင်ဘာလ အထိ(၆)လအတွက် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးတိုင်းဒေသကြီး လွှတ်တော်စီမံကိန်း ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ၏ သုံးသပ်အကြံပြုချက် အစီရင်ခံစာအား ဖတ်ကြား ရှင်းလင်းခဲ့ကြသည်

 

 

ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထားဝယ်မြို့ အဆိုပြုမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ပုံစံအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ၏ လေ့လာတွေ့ရှိချက်သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အား ဖတ်ကြားရှင်းလင်းပြီး တိုင်းဒေသကြီးလွှတ်တော် က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်

 

544

 

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)  ကို မွန်းတည့် ၁၂း၃၅ နာရီအချိန်တွင် ရပ်နားခဲ့ပြီး (စတုတ္ထနေ့) ကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး ၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ (၁၈)ဦး တက်ရောက်ခဲ့ကြသည်

 

 

(တိုင်းဒေသကြီးပြန်/ဆက်)