တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၅   ဇူလိုင် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြည်သူပူး ပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ဇူလိုင် ၁၁ ရက် မှ ၁၃ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် နန့်မဲကြိုးဝိုင်းအကွက်(၁) ၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ဝ၀၄ တန်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်း သက္ကယ်ကွက်ကျေးရွာအနီးမိုင်တိုင် (၂၄/၁)နှင့် (၂၇/၇)တို့၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား ၂၀ ဒသမ ၉၉၉၈ တန် တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်မျိုး