တန်ဖိုးမဖြတ်နိုင်ငံတဲ့ ရတနာပစ္စည်းတွေ ဂျာမနီအစိုးရပိုင်ပြတိုက်ကနေ အခိုးခံရ

၂၆ နိုဝင်ဘာ

ဂျမနီနိုင်ငံ အရှေ့ပိုင်းရှိ ဒရက်ဒန် ဂရင်းဗော့ပြတိုက်မှာ ပြသထားတဲ့ ၁၈ ရာစုလက်ရာ ရတနာပစ္စည်းတွေဟာ တနင်္လာနေ့ မနက်စောပိုင်းက အခိုးခံခဲ့ရကြောင်း သိရပါတယ်။ အဲဒီပြတိုက်ဟာ တန်ဖိုးရှိတဲ့ ဆင်စွယ်၊ ရွှေနဲ့ ငွေတို့နဲ့ ပြလုပ်ထားတဲ့ ပစ္စည်းတွေနဲ့အတူ ရတနာပစ္စည်း ၄,၀၀၀ လောက်ရဲ့ အိမ်ဖြစ်ပါတယ်။ 

 

115

 

အခိုးခံရတဲ့ ပစ္စည်းတွေကို ၁၇၂၃ ခုနှစ်က Augustus the Strong စုဆောင်းထားတဲ့ လက်ရာကောင်းတဲ့ စိန်ထည်ပစ္စည်း ၁၀ ခုထဲက သုံးခု နဲ့အတူ ပတ္တမြား၊ မြနဲ့နီလာ ပစ္စည်းတွေပါ ပါဝင်ကြောင်း သိရပါတယ်။ အဲဒီပြတိုက်ဟာ ကမ္ဘာပေါ်မှာ သက်တမ်းအမြင့်ဆုံးပြတိုက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။  အခုအခိုးခံရတဲ့ ပစ္စည်းတွေဟာ သိပ်ပြီးကျော်ကြားတဲ့အတွက် မူလပုံစံအတိုင်း ရောင်းချခြင်းမပြုဘဲ အစိတ်စိတ်ပိုင်းပြီး ရောင်းချမှာကို ပြတိုက်ဘက်က စိုးရိမ်နေကြပါတယ်။ 

 

392

 

သူခိုးတွေက ပြတိုက်အနားမှာရှိတဲ့ သံနဲ့ ပြုလုပ်ထားတဲ့ မီတာသေတ္တာကို မီးရှို့လိုက်ပြီး သတိပေးခေါင်းလောင်းနဲ့ လမ်းမီးတွေပါ ဖြတ်တောက်လိုက်ပြီး ဝင်ရောက်ခိုးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

 

873

 

လျှပ်စစ်မီးဖြတ်တောက်ထားပေမယ့် ပြတိုက်အတွင်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ တစ်လုံးမှာ ဖမ်းယူရရှိတဲ့ ပုံအရ အမျိုးသားနှစ်ဦးက ပြတိုက်ထဲကို ဝင်လာကာ တံခါးတွေကို ရဲတင်းနဲ့ ရိုက်နှိက်ဖျက်ဆီးပြီး ယူဆောင်သွားတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ ကြာချိန်က သုံး၊လေးမိနစ်သာ ကြာခဲ့ကြောင်း၊ အဲဒီလူတွေက အော်ဒီ A6 ကားနဲ့ ထွက်ပြေးခဲ့တယ်လို့ သံသယရှိကြောင်း၊ ဒီခိုးမှုမှာ လူအများအပြားပါဝင်မယ်လို့ ယူဆကြောင်း ရဲကဆက်ပြောပါတယ်။ သူခိုးတွေ မောင်းသွားတယ်လို့ ယူဆရတဲ့ အော်ဒီကားကို ဒရက်ဒန် မြို့အနီးမှာ တနင်္လာနေ့နံနက်ပိုင်းက ရဲကတွေ့ရှိခဲ့ကြောင်းရပါတယ်။ 

ဂျာမန်နေ့စဉ်သတင်းစာတစ်စောင်ကတော့ သူခိုးတွေ ခိုးသွားတဲ့ ပစ္စည်းတွေ တန်ဖိုးဟာ ယူငွေ ၁ ဘီလီယံလောက်ရှိကြောင်း ရေးသားထားပါတယ်။ 

MDN
ကိုးကား - AFP