တံတားမြို့၌ စားအုန်းဆီများ စျေးနှုန်းချိုသာစွာ ရောင်းချ

တံတား      ဩဂုတ်      

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၌ ရပ်ကွက်နေပြည်သူများ စားအုန်းဆီ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ဩဂုတ် ၆ ရက် နံနက်ပိုင်းက လာရောက်ရောင်းချ ပေးခဲ့သည်။

 

အဆိုပါ စားအုန်းဆီ ရောင်းချရာတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ ဖြင့် ပြည်သူများအား  ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ