တံတားဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာစိုက်ထူ

တံတားဦး မေ ၁၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ၂၀၂၂-၂၀၂၃ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာကို ယနေ့ နံနက်(၉)နာရီက တံတားဦးမြို့ သမိုင်းဝင်ဆေးအိုးဖိုးဘုရားအနီး၌ စိုက်ထူကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် “ ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ ဒါ့အပြင် ကျောင်းအပ်နှံရေးနေ့များကို ၂၀၂၂-ခုနှစ် မေလ(၂၆)ရက်မှဇွန်လ(၁)ရက်နေ့အထိ ပါရှိသည်။

အခြေခံပညာကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို  အခြေခံပညာကျောင်းများမှ လိုက်နာဆောင်ရွက်ရေး ၊ မိမိကလေးကျောင်းမနေလျှင် မိမိကလေးသာ နစ်နာမည်ဖြစ်ကြောင်း ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ ကျောင်းဖွင့်အမီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၊ ဒါ့အပြင် ၅-နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့  အပ်နှံကြရန်နှင့် ၆-နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1)အပ်နှံကြရန် မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။

 အဆိုပါ အသိပညာပေး ပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ ၊ လူမှုရေးအသင်းဝင်များ ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။ တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်း ၊စုစုပေါင်း ကျောင်းပေါင်း (၁၃၀) ၊ သင်ကြားရေးဆရာ ၊ ဆရာမ ခွင်ပြုအင်အား(၁၃၆၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တံတားဦး(ပြန်/ဆက်)