တံတားဦး ဇွန် ၁

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ မီးသတ်ဦးစီးဌာနက ယနေ့နံက်ပိုင်းတွင် တံတားဦးခရိုင်/မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၌ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ကွင်းဆင်းဆောင်ရွက်သည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခြင်း မဆောင်ရွက်မီ တံတားဦးမြို့ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်က မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုများကို တံတားဦးခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးလှိုင်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးသာထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တံတားဦးမြို့ မီးသတ်ဦးစီးဌာနက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုမှုများကို ရှင်းလင်းပြောကြားပြီး မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)