တံတားဦးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

တံတားဦး ဧပြီ  ၂၂

 

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိရေး  ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်  မနီးဘေးဆိုင်ရာ ညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍  အသိပေးနှိုးဆော်ခြင်းကို  ဧပြီ ၂၁ ရက် ညနေပိုင်းက တံတားဦးမြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်ရှိအတွင်း ဆေင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင် ဦးဆောင်ပြီး  မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  မီးကို အထူးဂရုပြု သုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုရေး၊ နေအိမ်အတွင်း/အပြင် အမှိုက်များ ရှင်းလင်းရေး ၊ မီးလောင်လွယ်သည့်  စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်း မပြုရေး ၊ မီးကြွင်း ၊ မီးကျန်၊ ပြာပူများ စနစ်တကျ ငြှိမ်းသတ်ထားရှိရေး၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝိုင်ယာကြိုးများအား လဲလှယ် အသုံးရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သော ရေကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်နှင့် မီးသတ်ဆေးဘူးများ ထားရှိရေးနှင့် ပြည်သူများ မီးပေါ့ဆမှုမရှိရေးတို့ကို လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

 

တံတားဦးမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များက နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)