တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု လျော့နည်း

တံတားဦး စက်တင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု လျော့နည်းလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

 

တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိသည့် ဇူလိုင် ရက်မှ ဩဂုတ် ဒုတိယအအပတ်တွင်း ရောဂါတွေ့ရှိရမှု မြင့်တက်လျက်ရှိရာ ဩဂုတ်လ တတိယအပတ်မှ စတင်၍ ရောဂါတွေ့ရှိရမှုနှင့် အတည်ပြုလူနာ လျော့နည်းလာကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

ယခုအပတ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ရက်လျှင် ()ယောက်လောက်သာ တွေ့ရှိရကြောင်း၊ မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့ခြင်းနှင့်၊ အနံ့မရခြင်း၊ နေမကောင်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်လာလျှင် မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံး လာရောက်ပို့ဆောင်ပေးသည့်အတွက် ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။

 

တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိသည့် ဇူလိုင် ၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမျိုးသား (၁၈၄)ဦး၊ အမျိုးသမီး (၂၅၀)ဦး စုစုပေါင်း (၄၃၄)ဦး၊ သေဆုံးသူ အမျိုးသား (၃၁)ဦး၊ အမျိုးသမီး (၄၄)ဦး၊ စုစုပေါင်း (၇၅)ဦးရှိကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား (၁၄၅)ဦး၊ အမျိုးသမီး (၂၀၁)ဦး၊ စုစုပေါင်း (၃၄၆)ဦး ရှိကြောင်းနှင့်  ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ အမျိုးသား ()ဦး၊ အမျိုးသမီး ()ဦး လူနာစုစုပေါင်း (၁၃)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ရဲတင့်(တံတားဦး)