တွံတေးမြို့နယ်ရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

တွံတေး အောက်တိုဘာ ၂၅

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၂၅ ရက် နံနက် နာရီမှစ၍  အထက (၁) ယုဇနခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

တွံတေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)

 

mdn