တွံတေးမြို့နယ်တွင် အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး

တွံတေး     အောက်တိုဘာ  ၂

          

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အ.ထ.က(၁)၌ အောက်တိုဘာ ၄ရက် နံနက်၉နာရီမှ စတင်ထိုးနှံပေးမည်ဖြစ်ကြောင်းကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်များတွင် အသိပေးလျက်ရှိကြောင်း သိရသည်။

          

တွံတေးမြို့နယ်အတွင်းတွင် အထက်တန်း၊ အလယ်တန်းအဆင့် အသက်၁၂နှစ်အထက် ကျောင်းသား၊  ကျောင်းသူ (၈၆၃၁)ဦး ရှိပြီး အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ကျောင်းမအပ်နှံရ​သေးသော၊ စာရင်းမပါသောကလေးများကိုလည်း နောက်လတွင် ထိုးပေးသွားမည်ဖြစ်ကြောင်း၊ အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်းများတွင် စုရပ်ပြုလုပ်ပြီး စုရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀၀ ကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား(၃) ရက်နှင့်အပြီးထိုးနှံပေးမည်ဖြစ်ကာ ကျန်းမာရေးမှ ဆေးထိုးအဖွဲ့များကိုလည်း အဖွဲ့များခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးမည့်ရက်ကို အများပြည်သူ ကြိုတင်၍သိရှိနိုင်ရေး ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်းများ၌ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် ပြန် /ဆက်