တန်းတူတန်ဖိုးထား

၃  အောက်တိုဘာ

ကိုဗစ်ရောဂါရဲ့ ပြဿနာက ဘာလဲဆိုတော့ ရောဂါရှိပြီဆိုရင် တခြားရောဂါတွေဖြစ်တဲ့ အခါမှာလို ဘေးကနေပြီးတော့ မိသားစုတွေ၊ မိတ်ဆွေတွေက ဝန်းရံပေးလို့မရပါဘူး။ သတ်သတ်စီနေရတယ်။ နေရတဲ့ အခါကျတော့ တစ်ယောက်တည်းနေရလို့ဆိုပြီးတော့ စိတ်ဓာတ်ကျတာတို့၊ စိတ်အားငယ်တာတို့ဖြစ်တယ်ဆိုတာ ဒါလည်း သဘာဝကျပါတယ်။ အဲဒီတော့ ကျွန်မပြောချင်တာက နိုင်ငံတော်အနေနဲ့ကတော့ ရောဂါဖြစ်နေတဲ့ ပြည်သူအားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်ဖိုးထားပါတယ်။ ကျွန်မတို့ ဘယ်တော့မှ ဘယ်သူဖြစ်တာလဲလို့ မမေးပါဘူး။ ဘယ်နှယောက်ဖြစ်တာပဲ ကြည့်ပါတယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်းတူပဲ တန်ဖိုးထားပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူ၊ ဩဇာအာဏာရှိတဲ့သူဆိုပြီး ခွဲပြီးတော့ သူ့ဆိုရင် ပိုပြီးတော့ အလေးထားတယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေဟာ အဲဒီအင်အားနဲ့ ဒီရောဂါကို ပြန်ပြီးတွန်းလှန်စေချင်တယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)