တန့်ယန်းခရိုင်အတွင်းရှိ ကျေးရွာ ၄၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

တန့်ယန်း ဧပြီ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းခရိုင်အတွင်းရှိ ကျေးရွာ ၄၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အရ တန့်ယန်းမြို့နယ်မှ ကျေးရွာ ၃၅ ရွာ၊ မိုင်းရယ်မြို့နယ်မှ ကျေးရွာ ၁၀ ရွာ စုစုပေါင်း ကျေးရွာ ၄၅ ရွာ၌ ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တန့်ယန်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်က ပြောပြသည်။

 

ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၅ ခု၊ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ၂၀ ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ ခုကို စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ် ၄၅၀ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၂၁၇ ဒသမ ၆ သန်း စုစုပေါင်းငွေကျပ် ၅၆၇ ဒသမ ၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်က ဆက်လက် ပြောပြသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၄၅ ရွာရှိ အိမ်ခြေ ၃၉၉၆ အိမ်၊ လူဦးရေ ၂၁၅၆၆ ဦးတို့၏  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။

နီလာ(ကျေး/လက်)