တန့်ယန်းမြို့နယ် လုံပုံးကျေးရွာဘုန်းကြီးကျောင်း ဘက်ထရီအိုးရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်

တန့်ယန်း ၁၆ ဇူလိုင်


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် လုံပုံးကျေးရွာအုပ်စုမှ ဘုန်းတော်ကြီးတစ်ပါးနှင့် ရှင်သာမဏေ ၉ ပါး သီတင်းသုံးလျက်ရှိသည့် ဘုန်းကြီးကျောင်းတွင် အသုံးပြုနေသော ဘက်ထရီအိုး ရှော့ဖြစ်ရာမှစတင်၍ ဇူလိုင် ၁၅ ရက် ည ၉ နာရီက မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

dfwe


အဆိုပါ လုံပုံးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း မီးလောင်ရာနေရာသို့ သတင်းရလျှင်ရခြင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးနှင့် တပ်ဖွဲ့ဝင် (၁၀)ဦး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးနှင့် တပ်ဖွဲ့ဝင် (၃၀) ဦးတို့ သွားရောက်၍ ငြှိမ်းသတ်ခဲ့ကြရာ ည ၉ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းနိုင်ခဲ့ပြီး မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


မီးလောင်ကျွမ်းခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလျား ပေ (၈၀)၊ အနံ ပေ (၆၀) ရှိ ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုးကျောင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။              
   
                                                                                                             မြို့နယ်(ပြန်/ဆက်)