တန့်ယန်းမြို့နယ်၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော်  ၂ ဖေဖော်ဝါရီ

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဘိန်းစိုက်ခင်းများအား ဖျက်ဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်တွင် တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တန့်ယန်းမြို့နယ် ပါစန်ကျေးရွာပါ (၂)ရွာတို့၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၂ ဒသမ ၅)ဧကခန့်အား တွေ့ရှိဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN