တပ်ကုန်းမြို့၌ အခြေခံပညာကျောင်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

တပ်ကုန်း ဇန်နဝါရီ  ၁၈

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ဇန်နဝါရီ  ၁၈ ရက် နံနက်ပိုင်းက ကျေးချောင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင် ကြီးကြပ်ပြီး၊  ကျန်းမာရေးဆေးထိုးအဖွဲ့ ဆရာ၊ ဆရာမများက ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် အမက-မြောက်မြိုက်(န)မှ ကျောင်းသား၊ကျောင်းသူ(၆၂)ဦး၊ အမက-မြောက်မြိုက်(ရ)မှ ကျောင်း သား၊ ကျောင်းသူ(၆၅)ဦး၊ အမက-စိန်ပန်းပင်မှ ကျောင်းသား၊ကျောင်းသူ(၆၂)ဦး၊ အမက -ပန်းညို မှ ကျောင်းသား၊ ကျောင်းသူ(၅၃)ဦး၊ အမကရွှေန်းထိုက်မှ ကျောင်းသား၊ ကျောင်းသူ(၄၅) ဦး ၊ အမက-ရွှေပေါ်ကျွန်းမှ  ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးနှင့် ဘက-သဖန်းချောင်းမှ (၉)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၄၉)ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)