တပ်ကုန်းမြို့၌ ကဆုန်ညောင်ရေသွန်းနှင့် နိဗ္ဗာန်ဈေး ပျော်ရွှင်စွာဆင်နွှဲ

တပ်ကုန်း ၁၈ မေ
  
နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းစေတီတော်မြတ်ကြီး ရင်ပြင်ရှေ့၌ မြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းနှင့် နိဗ္ဗာန်ဈေးပွဲကို ယနေ့ ညနေ ၄ နာရီကစ၍ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ရေအိုး၊ ရေစည်လှည်း၊ သုံးဘီးဆိုင်ကယ်ရေစည်နှင့် မိုဃ်းကောင်းစေတီတော် ဂေါပကအဖွဲ့ဝင်တို့က ရေပိုက်များဖြင့် မဟာဗောဓိညောင်ပင်ကြီးအား ညောင်ရေသွန်းလောင်းပူဇော်သည်။

အဆိုပါပွဲတွင် မိုဃ်းကောင်းစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်(၆)ရပ်ကွက်မှ စေတနာရှင် ပြည်သူများက နိဗ္ဗာန်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ပြီး ညောင်ရေသွန်းလောင်းလာသူများနှင့် ဘုရားဖူးလာကြသော ဒေသခံပြည်သူများကို ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ မုန့်ဟင်းခါး၊ ပေါင်မုန့်နို့စမ်း၊ သာကူကျို၊ ရွှေရင်အေး၊ အကြော်မျိုးစုံ၊ ကျောက်ကြောမုန့်၊ မုန့်လက်ဆောင်း၊ ထမင်းသုပ်၊ ထမင်း/ဟင်းများနှင့် အချိုရည်အအေးမျိုးစုံဖြင့် နိဗ္ဗာန်ဈေးပြုလုပ်ကျွေးမွေးခဲ့ကြသည်။

 

mdn

 

တပ်ကုန်းမြို့နယ်၏ ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ရှေးထုံးစဉ်လာမပျက် ဘာသာဓလေ့ ထုံးတမ်းအစဉ်အလာအတိုင်း နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)