တပ်ကုန်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာများကို မနက်/ညနေ နှစ်ကြိမ် အသိပညာပေး

နေပြည်တော် မေ ၁၂

 

နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာများကို မနက်/ညနေ နှစ်ကြိမ် အသိပေးနှိုးဆော်ပေးလျက်ရှိရာ မေ ၁၂ ရက် နံနက်ပိုင်းက မြဝတီရပ်ကွက်အတွင်း လူစည်ကားသည့်နေရာများတွင် မော်တော်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

 

အဆိုပါအသိပေးနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မုန်တိုင်း၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်အနီး နေထိုင်သူများ၊ ဆည်၊ ချောင်းများအနီ နေထိုင်သူများအနေဖြင့် သတိပြုရှောင်ရှားကြရန်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်ကာ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်