တပ်ကုန်းမြို့နယ်၌ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲနှင့် သမန်းနိုးသရုပ်ပြပွဲ ကျင်းပ

နေပြည်တော်    စက်တင်ဘာ  ၁၇

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ( : ) ရောစပ်ကြဲပက်ပွဲနှင့် သမန်းနိုးစက်ဖြင့် သမန်းနိုးခြင်း သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက သပြေသာ​ကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉)၊ တောင်သူ ဦးအောင်စိန်၏ ကောက်စိုက်စက်စံပြစိုက်ကွက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ခင်မိုး၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်နွယ်ဦးတို့က ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (:) ရောစပ်ကြဲပက်ရခြင်းနှင့် အကျိုးကျေးဇူး၊ တမာရွက်များဖြင့် ပိုးသတ်ဆေး ဖော်စပ်အသုံးပြုခြင်းနှင့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြား၍ ကံသာသဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ခံ ဦးစိုင်းမျိုးဝင်းဟန်က သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး​ဇေယျာလင်းနှင့် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥသျှစ်ကုန်းအုပ်စု၊ ကြက်သွန်ခင်းအုပ်စု၊ ညောင်လွန့်အုပ်စုများမှ တက်ရောက်လာသည့် တောင်သူများက ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာ (:) ရောစပ်နည်း၊ တမာရွက်များဖြင့် ပိုးသတ်ဆေးဖော်စပ်နည်းနှင့် ကွင်းအမှတ်(၁၂၇၉) တောင်သူ ဦးအောင်စိန်၏ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စံပြစပါးစိုက်ကွက်အတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(:) ရောစပ်ကြဲပက်ခြင်း၊ သမန်းနိုးစက်ဖြင့် သမန်နိုးသရုပ်ပြသခြင်း၊ တောင်သူ  ဦးဇော်မင်းထွန်း၏ ဝါစိုက်ခင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်