တပ်ကုန်းမြို့နယ်၌ ကျား၊ မရေးရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၅

နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဦးစီး၍  “ကျား၊ မရေးရာ (Gender)နှင့် ကျား ၊မ အခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ” အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကံ့ကော်စာသင်ဆောင်တွင် ကျင်းပသည်။ 

ဟောပြောပွဲတွင် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က “ပညာသင်ကြားနေကြသည့် သားငယ်၊ သမီးငယ်လေးများအနေဖြင့် ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြော ပွဲများ ပြုလုပ်ပေးခြင်းဖြင့် အသိပညာ ဗဟုသုတ များစွာရရှိပြီး မိမိကိုယ်တိုင်က ကျား၊မရေးရာ (Gender)ကို ကွဲကွဲပြားပြား သိရှိနားလည်လာပြီး ကျား၊မအခြေပြု အကြမ်းဖက်မှု (GBV) ပြုလုပ် ခံရခြင်းမှ ကင်းဝေးပြီး  သူတစ်ပါးကိုလည်း အကြမ်းဖက်မှုများ မပြုလုပ်မိစေရန် သိရှိနားလည်သွားမည် ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်းရုံးမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း”ကို ရှင်းလင်းပြောကြားသည်။  ထို့နောက် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က ကျား၊မ အခြေပြု အကြမ်း ဖက်မှုဆိုင်ရာ ဥပဒေများ၊ ကျား၊မအခြေပြုအကြမ်းဖက်မှုများအကြောင်းကို ရှင်းလင်းပြောကြားသည်။ 

အခမ်းအနားသို့ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ ဗိုလ်မင်းရောင် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်