တပ်ကုန်းမြို့နယ်၌  ငရုတ်(စို) ၁၇၃၂ ဧက လျာထားစိုက်ပျိုးမည်

တပ်ကုန်း ဇွန် ၁၅

 

ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၌  ငရုတ်(စို) ၁၇၃၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုအခါ ငရုတ်(စို) ၁၀၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိရသည်။

 

တပ်ကုန်းမြို့နယ်သည် မိုးချည်မျှင်ရှည်ဝါ၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိသည့် မြို့နယ်ဖြစ်ပြီး ယခုနှစ်တွင် ငရုတ်(စို)များ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေးနှင့် အပင်ဖြစ်ထွန်းကောင်းမွန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးလျက်ရာ ငရုတ်(စို) ဆွတ်ခူးချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း  ငရုတ်(စို)စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)