တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည်၌ လှေမှောက်၍ ၂ ဦး ရေနစ်ပျောက်ဆုံး

နေပြည်တော် ၂၁ မတ်

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြီးအင်းကျေးရွာနှင့် လယ်ဇပင်ကျေးရွာကြား အထက်ဆင်သေဆည်အတွင်း၌ မတ် ၂၀ ရက် နံနက် ၉ နာရီက လှေမှောက်၍ ၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကြီးအင်းကျေးရွာနေ ဒေါ်ခင်မာကြည်(၄၆)နှစ်နှင့် ၎င်း၏သား အောင်ဆန်းဦး (၂၈)နှစ်တို့သည် မတ် ၂၀ ရက်တွင် လှေဖြင့် ၎င်းဆည်အတွင်းရှိ မြေနုကျွန်းပေါ်သို့ တောင်ယာသွားရောက် လုပ်ကိုင်စဉ် လှိုင်းပုတ်၍ လှေမှောက်ပြီး ရေနစ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား