တပ်ကုန်းမြို့နယ်တွင်  အခြေခံပညာကျောင်းပေါင်း ၁၇၄ ကျောင်းစတင်ဖွင့်လှစ်

နေပြည်တော် ဇွန် ၁

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၁၇၄ ကျောင်းကို   ဇွန် ၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ  ကျောင်းသား ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ တက်ရောက်  ပညာသင်ကြား လျက်ရှိသည်။

 

တပ်ကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း ၁၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း နှစ်ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၃၉၀၂၆ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း  သိရသည်။ 

 

တင်စိုးလွင်(ပြန်/ဆက်)