တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၇၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် တပ်ကုန်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်း သွားကားလမ်း၊ ကင်းသာကျေးရွာ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ ထိန်လင်းအောင်(၂၄)နှစ် မောင်းနှင်ပြီး မောင်မောင်(၆၅)နှစ် လိုက်ပါလာသည့် GRAND MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂,၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းကျော် သိမ်းဆည်းရမိ ခဲ့ကြောင်း၊  ညနေ ၄ နာရီတွင် ပင်လောင်းမြို့နယ်၊ ရေဆိုးကျေးရွာဘုရားအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လှ (၅၆)နှစ်ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)