တပ်ကုန်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုနှုန်း (၃၀.၇၇)ရာခိုင်နှုန်းရှိ 

တပ်ကုန်း ၈ ဇွန်    

     

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေငြာလျက်ရှိရာ တပ်ကုန်းမြို့နယ်တွင် သက်ဆိုင်ရာကျောင်းများ၌ အောင်စာရင်းများကပ်ထား၍ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ ပျော်ရွှင်စွာကြည့် ရှုကြောင်း သိရသည်။

 


တပ်ကုန်းမြို့နယ်တွင် ဖြေဆိုသူ(၅၁၇၄)ဦးရှိပြီး၊ (၁၅၉၂)ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်းမှာ (၃၀.၇၇)ဖြစ်သည်။ တပ်ကုန်းမြို့နယ်အနေဖြင့် ဖြေဆိုအောင်မြင်သူများထဲမှ ခြောက်ဘာသာဂုဏ်ထူး ရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၃) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၈၁)ဦး ထွက်ရှိခဲ့ကြောင်း သိရသည်။

 


တင်စိုးလွင် (ပြန်/ဆက်)