တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွင်းဝန် H.E. Mr. Sanjay Mitra အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၆  မေ 

 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွင်းဝန် H.E. Mr. Sanjay Mitra အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေ၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား သက်ဆိုင်ရာ(ကြည်း၊ ရေ၊ လေ) ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။   

 


(သတင်းစဉ်) 

 

ိ္န္