တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတက်ရောက် အမှာစကားပြောကြား

နေပြည်တော်  ၁၉   မေ 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မောင်မယ်တို့အနေဖြင့် ရှည်လျားလှသည့် လူ့လောကခရီးကို ဆက်လက်လျှောက်လှမ်းရဦးမည့် လူငယ်များဖြစ်ပြီး ထိုသို့ လျှောက်လှမ်းနေချိန်တွင် မိမိတိုင်းပြည်နှင့် လူမျိုးအတွက် ကျရာတာဝန်များကို သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးမှ ထမ်းဆောင်ရဦးမည့် လူငယ်များလည်းဖြစ် ကြောင်း၊ မလွဲမသွေရင်ဆိုင် ကြုံတွေ့လာရမည့် အခြေအနေအရပ်ရပ်အပေါ်တွင် မှန်ကန်သည့်အသိအမြင်များနှင့် ရင်ဆိုင်ဖြေရှင်းသွားကြရန်လည်းလိုအပ်ကြောင်း၊ မောင်မယ်တို့သည် ငယ်ရွယ်စဉ်ကတည်းက သိသင့်တတ်သင့်သည့် ပညာရပ်များကို အခြေခံကျကျ အပတ်တကုတ်ဆည်းပူး လေ့လာသွားရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ် ကာလဆိုသည်မှာ ကာယအား၊ ဉာဏအားတို့ ကြံ့ခိုင်နေချိန်ဖြစ်သဖြင့် အကောင်းဆုံး အသုံးချသွားရန် လိုအပ်ကြောင်း။

 

age a (8).J

 

မိမိတို့ဘဝတိုးတက်မှုကိုရှာဖွေရင်း တစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော် အတွက်ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူများဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ်ယောက်ပီသသည်ကို သက်သေ ပြကြရမည်ဖြစ်ကြောင်း၊ ထိုသို့သက်သေပြကြရာတွင် အပျက်သဘောမပါသည့် အပြုသဘောများကို ရင်ဝယ်ပိုက်ပြီး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ် မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါဝရပြုလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ထို့နောက် ရေကြောင်းလူငယ်သင်တန်းမှ မမြတ်နန္ဒာထွေးနှင့် လေကြောင်းလူငယ်သင်တန်းမှ မနှင်းသဇင်တို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားကြသည်။

 

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက သိရှိလိုသည်များကို ရှင်းလင်းပြသကြသည်။

 

ယင်းနောက် ညနေပိုင်းတွင် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ သည် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့သွားရောက်၍ ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ရေ၊လေ)ပြကွက်များအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)

 

a (9).J