တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ Mr. Xu Zhanbin အားလက်ခံတွေ့ဆုံ

နေပြည်တော် ၅ ဇွန်

 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ Mr. Xu Zhanbin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။ 
    

 

တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးတက် ခိုင်မာစေသည့်အခြေအနေ၊ စစ်ဘက်ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးပြုနိုင်သည့် နည်းပညာများကိုပါ ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 


သတင်းစဉ်