တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့မှ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများအား နယ်လှည့်ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ရွှေဘို ၂၁ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမောကျေးရွာအနီးရှိ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီက စတင်ပြီး တပ်မတော်ဆေးဘက်ဆိုင်ရာ ပါရဂူကြီးများဦးစီးပြီး ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ ကျွမ်းကျင်သူအရာရှိများနှင့် အခြားအဆင့်များပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများကို ဇူလိုင် ၂၃ ရက်ထိ အဆိုပါစစ်အခြေခံလေ့ကျင့်ရေးကျောင်း၌ ဆေးဝါးများ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ပြည်သူများကို အထွေထွေရောဂါများစစ်ဆေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သော ရောဂါများအား စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ကုသမှုပေးခြင်း၊ အရိုးရောဂါဆိုင်ရာများ စစ်ဆေးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါများစစ်ဆေးကုသပေးခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်း၊ မျက်စိရောဂါဆိုင်ရာများ စစ်ဆေးကုသပေးခြင်း၊ သားဖွားမီးယပ်ဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကလေးကျန်းမာရေးဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ ကျန်းမာရေးအချက်အလက်များ ကောက်ယူခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသပေးခြင်း စသည့်လုပ်ငန်းစဉ်များဖြင့် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်ထိ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ၊ ဆင်အင်းကျေးရွာနှင့် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာများသို့လည်းကောင်း၊ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်ထိ ဝက်လက်မြို့ပေါ်၊ ရှိမ်းမကားကျေးရွာနှင့် ရွှေပန်းကုံးကျေးရွာများသို့လည်းကောင်း ကွင်းဆင်းပြီး ဆေးဝါးများ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးသီဟ(ကုန်းဘောင်) 

 

IMG_201