တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၁၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်   ဖေဖော်ဝါရီ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က Valid for Prior Arrival(VPA) ရက်ပေါင်း(၆၀)ထက်ကျော်လွန်သည့် 1 Loop Addressable Fire Alarm Panel (၁)စုံ၊ RAW FOR SANITARY NAPKIN (၂၂၅၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၀၀၃,၄၃၅)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင်ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် GAULLAC တံဆိပ်ပါ နို့မှုန့်(၂၇၆၄ ဒသမ ၈) ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း(၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄,၀၀၁,၀၉၆)ကို လည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅,၀၀၄,၅၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော Molyland Grease (၄၃၅.၈၄)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၉,၇၂၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော ISUZU-GIGA အမျိုးအစား မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့က စံလောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းတစ်နေရာတွင် ပိုင်ရှင်မဲ့စုပုံထားသော   အကောက်ခွန်မဲ့ Two-Elephant တံဆိပ်ပါ တရုတ်နိုင်ငံထုတ်(ဘီယာ) (၃၃၀) ဖာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၆၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၆၀၉,၇၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၅,၆၁၄,၂၅၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်