တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန် ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က မေလ ၂၈ ရက်တွင် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရှိ ရသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Budweiser Beer (၂၄၀၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Aumark Light Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မေလ ၃၀ ရက်တွင် သတင်းအရ အမရပူရမြို့နယ်၊ ၁၄၆(H)လမ်း၊ သဇင်ပွဲရုံ(၂)၊ ဂိုထောင်၌ တရားဝင် တင်ပို့/တင်သွင်းခွင့် မရှိသည့် စက်မှုကုန်ကြမ်း (ဘေထုပ်) (၃၅၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Nissan Diesel Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၃၈ x ၁၃၉လမ်းကြား၊ အမှတ်(H-219) နှင့် (H-220)ရှိ ဂိုထောင်များ၌ တရားဝင် တင်ပို့/တင်သွင်းခွင့် မရှိသည့် စက်မှုကုန်ကြမ်း (ဘေထုပ်) (၂၆၀၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မေလ ၃၁ ရက်တွင် မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင်အမှတ်၊ (၂၁)မိုင် (၂)ဖာလုံအနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်း များအား တွေ့ရှိရသဖြင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ် စ စ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ Esse Lights နိုင်ငံခြားဖြစ် စီးကရက် (၁၈၀၀၀)ဘူး (ခန့်မှန်းတန် ဖိုးငွေကျပ်၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များကစစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်လိုင်စင် မရရှိမီ ဆိပ်ကမ်းသို့ ရောက်ရှိသည့် ရက် (၆၁)ရက် ကျော်လွန်နေသည့် Ceramic Tiles (၂၂၄၅၂၅)ချပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၃၈၃,၄၀၅)ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာနှင့် ကိုက်ညီမှန်ကန်သော်လည်း သွင်းကုန် လိုင်စင် လိုအပ်သော ပစ္စည်းများဖြစ်သည့် 140ML Glassware Cup (၅၀၇၈) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၀၃၉,၉၀၀)ကိုလည်းကောင်း၊ Porcelain Cup (၁၇၄၉)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၂၅,၂၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၄၄၈,၅၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၉၇,၄၄၈,၅၀၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်