တရားမဝင် လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇန်နဝါရီ ၂၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ မြို့ရှောင်လမ်းအနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁၂) စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း Wheel Rim with Tyre (၄၈) လုံး၊ ကလေးစီးရှူးဖိနပ်အရံ (၆၀၀)၊ တရုတ်စာတန်းပါ ပိုးသတ်ဆေး (၈၈၀) ကီလိုဂရမ်၊ Wipes Tissue (၇၂၀၀) ကီလိုဂရမ်၊ Water Sterilizer (၁၀၀) ခု၊ ဖုန်းအပိုပစ္စည်း Phone Back Body (၆၀၀) ခု၊ ကလေးစီး အားကစားဖိနပ်အရံ (၆၅၀)၊ Pesticide ပိုးသတ်ဆေးကီလိုဂရမ် (၃၉၀)၊ Walking Shoe ဖိနပ် (၃၂၀) ရန်၊ Men Short Pant ဘောင်းဘီ (၆၀၀) ထည်၊ LED Square Light မီးသီးအလုံး (၂၀၀၀) ၊ Total Station Survey Instrument တစ်ခု၊ Taizhou Yiku Electric Scooter တစ်စီး အပါအဝင် ကုန်ပစ္စည်း (၃၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၁၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Joy Long Hiace နှစ်စီး၊ Toyota Hiace ငါးစီး၊ Toyota Wish နှစ်စီး၊ Toyota Alphard တစ်စီး၊ Toyota Granvia တစ်စီး၊ ISUZU Station Wagon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၁၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

mdn

 

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် မုံရွာမြို့၊ မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့  Nissan Wingoad မော်တော်ယာဉ်တစ်စီးနှင့် Toyota Lucida မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုဒီယမ်ဆိုင်ရာနိုက် (၁၆၉၀) ကီလိုဂရမ်၊ Hydrogen Peroxide (၄၅၀) လီတာ အပါအဝင် ကုန်ပစ္စည်း (၇) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၃၀၁,၈၀၀) ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၃၀၁,၈၀၀) ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃,၄၀၁,၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်