တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၄ ဦးကို လစ်ဗျားအရှေ့အခြေစိုက်စစ်တပ် ဖမ်းဆီး

၂၆ စက်တင်ဘာ

 

 

လစ်ဗျားနိုင်ငံအရှေ့ပိုင်း အာဂျေဒါဘီရာမြို့တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း လစ်ဗျားအရှေ့အခြေစိုက်စစ်တပ် က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အဆိုပါ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် အာဂျေဒါဘီရာမြို့ရှိ တောင်ယာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ထိုအရှေ့အခြေစိုက်စစ်တပ်၏ ကာကွယ်ရေးတပ်ဖွဲ့က ထိုကြေညာချက်တွင် ဖော်ပြထားသည်။

 

 

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပို့ဆောင်ပေးသူ ယာဉ်မောင်းတစ်ဦးကို သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

 

အာဂျေဒါဘီရာမြို့သည် တရားမဝင် လူကုန်ကူးခြင်းနှင့် မှောင်ခိုသွင်းခြင်းတို့ အများဆုံး လုပ်ဆောင်ရာမြို့များအနက် တစ်မြို့ဖြစ်သော ဘန်ဂါဇီ တောင်ဘက် ၁၅၀ ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။

 

 

လစ်ဗျားနိုင်ငံသည် နိုင်ငံရေးအရ အရှေ့ပိုင်းနှင့် အနောက်ပိုင်း အစိုးရများဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲထားသည်။

 

 

အရှေ့အခြေစိုက် စစ်တပ်သည် အရှေ့အခြေစိုက် အစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို