တရားမဝင် သစ်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ် အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၂

 

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကလေးမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ပြည်တွင်း) Cargoသို့ ရောက်ရှိလာသောပစ္စည်းများအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Covid-19 Ag Tests Kit (၁၇၀၀၀) ခု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန် စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone-14 တစ်လုံးအပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၃၀၀,၀၀၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင်  မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) နှင့် ကိုက်ညီမှုမရှိသော 120W K3 LED Linear Hight Bay Light ငါးခု၊ Auto Ballast Choke with Frame (၆၆၀) ကီလိုဂရမ်၊ 20W Electric Led Bulb (၃၇၀၀) လုံး အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၀၅,၅၀၀) ကိုလည်းကောင်း၊ အေးရှာဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော  U Bolt (၂၆၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၃၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၀၀၅,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်တွင် မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Lactasoy Soy Milk (၂၁၈) ဖာအပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၉၇,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)ကို လည်းကောင်း၊ 

 

 

ဖေဖော်ဝါရီ ၁၀ ရက်တွင် မော်တော်ယာဉ်သုံးစီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော Cycle Back Mirror  (၅၀၀) ကီလိုဂရမ်၊ Motorcycle Tube (၁၅၀၀) ခု၊ Cotton Men Wear T-Shirt (၄၀၀၀) ထည်၊ Car Ball Bearing (၅၅၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၆၂၁,၉၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ် သုံးစီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀,၉၁၈,၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ထိုင်းနိုင်ငံထုတ် NIKE Walking Shoe  အရန် (၁၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် အာရှလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ စစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တာယာအဟောင်းဆိုဒ်စုံ အလုံး (၃၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၄၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Man Truck အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

၎င်းအပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အရှေ့ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ဘေလီမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Mark II အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်၊ ရထားသံလမ်းကူးအနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ Honda CRV အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

 

 

 

 


အလားတူပင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ညောင်လေးပင်မြို့နယ်၊ ရွှေကျင် - မဒေါက် - ညောင်လေးပင် ကားလမ်း၊ မုက္ခမူကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် တောင်သရက်သစ်ခွဲသား (၃ ဒသမ ၀၉၆၈) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆,၇၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၄,၅၄၁,၁၇၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်