တရားမဝင် သစ်၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက်တွင် ကော့ကရိတ်(တံတားကျိုး)စုပေါင်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Karat Toilet Commode (၃၀)ခု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကိုလည်းကောင်း၊ သံလွင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီ မြို့မှ နတ်မောက်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်နှစ်ကောင်စားဆီ (၂၄၀)လီတာ အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၅,၀၀၀)၊ ပုဇွန်တစ်ကောင်စားဆီ (၁၀၈၀) လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄00,000)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 20,000,၀၀၀)ကိုလည်းကောင်း၊ ဇွန် ၂၈ ရက်တွင် ကျားကလေး-ဇာသပြင် လမ်းပိုင်း၊ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်းများ တွေ့ရှိရသဖြင့် ဘားအံမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Carabo အချိုရည် (၇၂၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၃၇၆,၀၀၀) ကိုလည်းကောင်း၊ Brand ငှက်သိုက် (၁၄၄၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Nescafe Red Cup ကော်ဖီမှုန့် (၃၆၀)ထုပ် အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၈၅၀,၀၀၀)ကိုလည်းကောင်း၊ မုန့်ပုံး (၁၀၈)ဘူး အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၂၃,၀၀၀)ကိုလည်းကောင်း၊ Fineline အမွှေးဆီ (၄၈၀)ထုပ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကော့ ကရိတ်(တံတားကျိုး)စုပေါင်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Miami PVC Cabinet (၁၀)စုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၉၉,၅၇၄,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇွန် ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျောက်ရပ်ကျေးရွာ၊ မြိတ်-ထားဝယ်ကားလမ်း၊ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တွေ့ရှိရသဖြင့် ထားဝယ်မြို့နယ်အကောက်ခွန်ဉီးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Tevax ဆေးဘူး (၂၄၀၀)ဘူး အပါအဝင် ဆေးဝါး (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၆၉,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈,၂၆၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ ဂျပ်စက္ကူဟောင်းများ၊ အခွန်ပေးဆောင်ထားခြင်းမရှိသည့် ထီးဖာများ၊ ပြောင်းဆံအိတ် များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် နံ့သာနီဟု ယူဆရသော သစ်အပိုင်းအစ (၁၈၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ တရုတ်နိုင်ငံထုတ်ထီး (၃၃၅၀)ခု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၃၅၀,၀၀၀)၊ မြေပဲ (၁၅၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၇)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၁,၀၉၃,၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော် မတီမှ သိရသည်။

သတင်းစဉ်