တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆက်သွယ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် မတ် ၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှဘော်စာရဲကင်းစခန်းမှ သတင်းအရ ပြဿဒ်ကျေးရွာ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ ကညင်တောချောင်းစပ်သို့ သွားရောက်စစ်ဆေးခဲ့စဉ် နိုင်ငံခြားစီးကရက်များတွေ့ရှိ၍ အကြောင်းကြားသဖြင့် မောင်တောမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ MOND တံဆိပ်ပါ တရားမဝင် နိုင်ငံခြားစီးကရက် (၄၂၆)ဖာ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မြို့မ(၂)နယ်မြေ၊ တိုက်ကွင်းဘိနယ်၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်၅၅/၁၊ ဥတိုကျေးရွာအနီး၌ တရားမဝင် တောင်သရက်သစ်    (၅ ဒသမ ၃၉၆)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈,၈၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်သော Hino အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၈၈,၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၆ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ Vaild for prior arrival (VPA) (၆၁)ရက်ကျော်လွန်နေသော လျှပ်စစ်ဆက်စပ်ပစ္စည်းဖြစ်သည့် Wireman နှင့် Saga အမျိုးအစား PVC ပိုက်များအပါအဝင် ကုန်ပစ္စည်း (၂၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄,၄၂၃,၄၉၇)ကို လည်းကောင်း၊ မတ် ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်ထက်ပိုမိုပါရှိလာသော TIT OBERON POLY SCREW 5.5 MM PACKET အပါအဝင်ပစ္စည်း (၆)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၄၂၃,၄၉၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၇ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Evaporator (၁၅၂၇၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၃၅၀,၂၅၀)ကိုလည်းကောင်း၊ မတ် ၈ ရက်တွင် ရန်ကုန်-ဘားအံ-မြဝတီလမ်းကြောင်း  အမှတ်(၂) လမ်းဆုံ၌ မော်တော်ယာဉ်(၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော ဘိုထိုင်အိမ်သာ ကြွေခွက်များ အပါအဝင်ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၄၀,၂၅၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော CHENG LONG Tractor-Head မော်တော်ယာဉ်(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆,၉၉၀,၅၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် မတ် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ မူဆယ်ခရိုင်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Wireless Router (TP LINK ROUTER) အပါအဝင် ပစ္စည်း(၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်သော Toyota Alphard အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မြန်မာနိုင်ငံသို့  ပြန်လည် ဝင်ရောက်လာသော ခရီးသည်၏ ခရီးဆောင်အိတ်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  OPPO A8 2020 အမျိုးအစား မိုဘိုင်းလ်ဖုန်း(၂၁)လုံးနှင့် မိုဘိုင်းလ်ဖုန်း အဟောင်းမျိုးစုံ(၁၀၀)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၃၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇,၇၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ များက တမူးမြို့နယ်အတွင်း၌ HERO HONDA 100 အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)နှင့် စစ်ကိုင်းမြို့၊ ဥတ္တရဗောဓိအထက်ကျောင်းတိုက်အနီး၌ ISUZU အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဟုမ္မလင်းမြို့နယ်၊ ကက်သာ- အောင်ဇေယျ ကားလမ်းမပေါ်၌ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ              (၄ ဒသမ ၉၃)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၅၃,၈၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၀၃,၈၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၂,၃၆၆,၆၅၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်