တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် ကျုံပျော်ခရိုင်များတွင် တရားမဝင် သစ်မျိုးစုံ(၃၃ ဒသမ ၈၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၁၆,၂၀၇)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၈ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့က လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂/၃ မှအဆင်း ဖောင်ကြီး-လှည်းကူးလမ်းမပေါ်သို့ ဖြတ်သန်းသော(မြေသားလမ်း) ငါးဆူတောင်ဘိနယ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်ကျွန်းသစ် (၉ ဒသမ ၃၇၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၉၂,၈၂၆)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Foton Auman Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က မြောက်ဒဂုံမြို့နယ်၊ ဦးဝိဇာရလမ်းနှင့် ရာဇဓိရာဇ်လမ်းအနီး၌ လိုင်စင်မဲ့ Toyota Voxy မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၃,၀၉၂,၈၂၆) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန် သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် HMK Stabilizer Link (၈၈၁၃)ခုအပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅,၁၃၈,၀၀၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် PVC Table Cloth ကီလိုဂရမ်(၁၉၄၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၆၃၅,၆၀၀) ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၇၇၃,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ-ဘားအံ-ရန်ကုန် လမ်းကြောင်းအတိုင်း ရန်ကုန်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးအား အကောက်ခွန်လှုပ်ရှား စစ်ဆေးရေးအဖွဲ့က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းအနီး၌ စိစစ်၍ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲသို့ ခေါ်ယူပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Ding Fond Sour Plum Flavoured Juice ဖာ(၆၀)အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၃၀,၈၀၈) ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော CHARM Express Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၀၃၀,၈၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဧပြီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်သယ်ဆောင်ခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဒီဇယ်(ချက်ဆီ) ဂါလန်(၃၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၂၅၀,၀၀၀) ကိုလည်းကောင်း၊ ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်သယ်ဆောင်ခွင့်အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် ဒီဇယ်(ချက်ဆီ) ဂါလန်(၉၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅,၇၉၁,၇၅၀)နှင့် ဓာတ်ဆီ(ချက်ဆီ) ဂါလန်(၃၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၈၉၇,၅၀၀) တို့ကို လည်း ကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀,၆၈၉,၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဧပြီ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်များအတွင်း တရားမဝင်ကျွန်းသစ် (၃ ဒသမ ၉၅၆)တန်၊ သစ်မာ (၀ ဒသမ ၈၄၁)တန်နှင့် အခြားသစ်မျိုးစုံ (၁ ဒသမ ၀၇၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၈၁,၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁ ရက် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၈,၇၈၄,၁၅၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)