တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ်  ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၅ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က လိုင်စင်ခွင့်ပြု ချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့်ရက် (၁၄၂)‌ ရက်ကျော်လွန်နေသည့် Controller အပါအဝင် ကုန်ပစ္စည်း (၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၅၀,၅၇၉)ကိုလည်းကောင်း၊ လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့်ရက် (၈၁)ရက် ‌ကျော်လွန်နေသည့် ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၅၁,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အသင့်စားကြာဇံထုပ် (၅၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သည့် Nissan-Diesel အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာ‌သော Picnic Cooler (၁၀၅၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂,၂၀၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Mitsubishi  Fuso အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၆,၅၅၆,၅၇၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူး‌ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၃၆၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၃၆၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  မကွေးမြို့၊ ကံပြားကျေးရွာ အနီး၊ မြို့အဝင်ဂိတ်၌ လိုင်စင်မဲ့ Toyota Surf အမျိုးအစား မော်တော်ယာဉ်(၁)စီး နှင့် Mazda Tribute အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ပခုက္ကူမြို့နယ်နှင့် စလင်းမြို့နယ်တို့အတွင်း၌ တရားမဝင် သစ်မျိုးစုံ (၃၄ ဒသမ ၀၆၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၅၇၈,၀၇၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄,၃၇၈,၀၇၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွှဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ မြောက်ပိုင်းခရိုင်လိုင်စင်မဲ့ ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က အင်းစိန်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီး ၊ ပေါက်တောဝမီးပွိုင့်၌ Toyota Wish အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်အတွင်း၌ Toyota Succeed အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၅၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၅ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ ID / RO နှင့် ယာဉ်ပါ / ကုန်ပါစာရင်းချုပ် (Manifest) တို့တွင် ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ မော်တော်ကားအပို ပစ္စည်းများ၊ လျှပ်စစ်ပန်ကာများ၊ အလှကုန်ပစ္စည်းများအပါအဝင် ပစ္စည်း(၁၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၃၂၄,၇၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Volvo (Tractor Head) (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ မတ် ၆ ရက်တွင် မြို့နယ်သစ်တောဦးစီးဌာန အသီးသီး ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ် တို့အတွင်း တရားမဝင် သစ်မျိုးစုံ( ၁.၆၃၂၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၁,၃၈၄)ကို သစ်တောဥပဒေ အရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂,၀၉၆,၀၈၄)ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၈၅,၈၉၅,၇၃၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်