တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် မြိုင်ကြီးငူလမ်းခွဲအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Quick ခေါက်ဆွဲခြောက်ထုပ် (၃၂၄၀)၊ Choice မုန့်ပုံး (၂၄၀)၊ Smart Softener အမွှေးဆီ အထုပ်(၁၆၈၀)၊ ယောကျ်ားစီး Slipper ဖိနပ် အရံ(၁၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၀၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Faw Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂,၉၀၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၉ ဒသမ ၁၅၈)တန်၊ သစ်မာ (၁ ဒသမ ၅၀၄)တန်နှင့် အခြားသစ်(၅ ဒသမ ၄၆၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၅၈,၄၄၀) ကိုလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၂၆ ဒသမ ၉၀၃)တန် နှင့် သစ်မာ (၁ ဒသမ  ၃၀၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၆၅၈,၂၂၂)ကိုလည်းကောင်း၊ ညောင်လေးပင်ခရိုင် အတွင်း၌ တရားမဝင်အခြားသစ် (၃ ဒသမ ၃၇၇၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၂၀၄) ကိုလည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင် သစ်မာ(၅ ဒသမ ၆၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၁၈,၅၀၀)ကိုလည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၂၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄,၅၈၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၀၈၄,၉၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ တရားမဝင် မီးသွေးအိတ် (၄၄၉)အိတ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၉,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၄၄၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော ဆေးဝါးများ ဖြစ်သည့် Rostab 20 Tablet ဘူး(၂၀၀၀)၊ Neugalin 25MG Capsule ဘူး(၁၀၀၀၀)၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် EVA Foam Roll (၉၉၄၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၉၆၀,၆၇၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၉၆၀,၆၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၃,၉၀၂,၆၁၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်